ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



 ငါ့ရင်ဘတ်ကြီးထဲ စီးဆင်း
 နွေတလင်း ပဲ ဖြစ်နေပါစေ
 ချစ်မိုးပွင့်တွေ ကြွေကျ
 ဖြူလွလွ နှင်းစက် တစ်ချို့ တောင်
 ပြိုဆင်းလာတတ်တယ်...။

  မိုင်တိုင်တွေ ခြားထားပေမယ့်
  လိပ်ပြာချင်းဆက်ထား
  အချိန်ရထားကြီး ခုတ်မောင်း
  အလွမ်းဘူးတာအိုမှာ ခဏ ရပ်နား
  အလျားနဲ့ အနံ မသိပေမယ့်
  အသွားရယ် အပြန်ညီခဲ့ကြတယ်...။

 လူတွေ ပြောနေကြတဲ့ "အချစ်"
  ကိုယ်တိုင်ထုဆစ်မိနေချိန်
   စွဲလန်းစိတ်ရဲ့အရှိန်
  အိပ်မက်အိမ်ထိ မင်းတိုးဝင်
  အသိမပေး တံခါးမခေါက်ပဲ
 ရောက်ရောက်လာတတ်တာလဲ ခဏခဏ ပါပဲ...။

2 comments:

နွေတေးရှင် (မင်းဧရာ) said...

ချစ်ခြင်းမေတ္တာတွေ ထာဝစဉ်စီးဆင်း
ကြင်နာခြင်းတွေ လည်း အဆုံးမသတ်
တစ်ယောက်လက် တစ်ယောက်ဆုပ်ကို
ဟိုးအဝေးက ပန်းတိုင်ကို တူပြိုင်ကူးခတ်နိုင်ပါစေ ။





ရိုးမြေကျ said...

မရောက်ဖြစ်တာနည်းနည်းကြာသွားတယ်။ ဟုတ်ပ
လူတွေ ပြောနေကြတဲ့ "အချစ်"
ကိုယ်တိုင်ထုဆစ်မိနေချိန်
စွဲလန်းစိတ်ရဲ့အရှိန်
အိပ်မက်ထိ တိုးဝင်တာတကယ်ပဲ။

Post a Comment

Popular Posts 2

Popular Posts 3