ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



တို့နှစ်ယောက်လျှောက်မယ့်လမ်း
ခမ်းနားတဲ့အဆောင်ယောင်တွေပါချင်မှ ပါလိမ်မယ်နော်..........
အဆုံးသတ်ကိုကြိုဖတ်လို့ရတဲ့
ပြဌာန်းချက်တစ်အုပ်မဟုတ်တဲ့
တို့တွေရေးတဲ့စာမျက်နှာတစ်ချို့မှာ
ရယ်သံတွေပါမယ်......
တစ်ချို့စာမျက်နှာတွေက
ခန်းလုလုမျက်ရည်စတွေနဲ့ ။

အကြင်နာလက်တစ်စုံနဲ့ ကမ်းလှည့်ပါ
ဘ၀ သစ်တစ်ခုကို မင်းနဲ့ ငါရဲ့ 
နားလည်မှု့တွေကိုဖြန့်ခင်း
စာနာခြင်းပုဝါကူ
မေတ္တာထူထူမိုးအုပ်
ဟိုး ခပ်လှမ်းလှမ်း 
သံသရာကမ်းစပ်ထိ
မနားတမ်းလျှောက်မယ်
ချောက်နက်နက် တစ်ချို့က တစ်မျိုး
ဆူးကြမ်းကြမ်းတစ်ကွေ့က တစ်ဖုံ
ကြုံဆုံလာနိုင်တဲ့လောကကြီးရဲ့
ပြကွက်ဆန်းဆန်းတွေကို
ရင်ဘက်ချင်းဆက်ပြီးကြိုမယ်လေ ။


0 comments:

Post a Comment

Popular Posts 2

Popular Posts 3