ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ




ကြယ်စင်တွေလင်းလတ်
စည်းချက်ညီကခဲ့တယ်
မင်းနဲ့ ငါ့အတွက်ရင်ခုန်သံ
လှိုင်းတွေထံ လို့............။

တူညီတဲ့ တန်ပြန်မှု့တွေအောက်
မာနတွေ ဒူးထောက်ကျ
ယုယမှု့တွေ ထမ်းပိုးလို့
မြတ်နိုးခြင်း လိပ်ပြာ
တို့ နှစ်ယောက်ထံကို
အရောက်ပြန်ဝဲလာခဲ့တယ်နော် ။

ပုံမှန်နဲ့ ကွဲထွက်
ပွင့်အံကျလာတဲ့ ရင်ခုန်သံ
သံစဉ်မြစ်တစ်လျှောက် စီးဆင်း
ရှိုက်သံကင်းမဲ့ ဇုံမှာ
ကဗျာ တစ်ပုဒ်ကို အတူတူဆို
အကြင်နာတွေ ပိုခဲ့ကြတယ်နော် ။
                                               


  သံယောစဉ်ရပ် ၀န်း
မေတ္တာတွေနဲ့ မွှန်းထားတယ်
အဆုံးလွန်ပေးဆပ်မှု့တွေနဲ့ပေါ့ ။

လွတ်လပ်စွာ ငိုကြွေးခွင့်
ပွင့်လင်းတဲ့ပြောဆိုမှု့
ယုယမှု့တွေလည်းပါတယ်
နူးညံ့စွာ တစ်ခါတစ်ခါအော်
အဲဒီအချိန်တွေ ပျော်ဖို့ကောင်းတယ်...။

ဟန်ဆောင်ဖို့မလိုဘူး
အပြုံးတွေ မချိုလည်း ဖြစ်တယ်
မင်းငိုချင်တဲ့ အချိန်ငို
လိုအပ်လာပြီဆိုရင်
စွမ်းသလောက်ပေါ့
မင်းအနားမှာ ရှိတတ်တယ်...။ 



 ငါ့ရင်ဘတ်ကြီးထဲ စီးဆင်း
 နွေတလင်း ပဲ ဖြစ်နေပါစေ
 ချစ်မိုးပွင့်တွေ ကြွေကျ
 ဖြူလွလွ နှင်းစက် တစ်ချို့ တောင်
 ပြိုဆင်းလာတတ်တယ်...။

  မိုင်တိုင်တွေ ခြားထားပေမယ့်
  လိပ်ပြာချင်းဆက်ထား
  အချိန်ရထားကြီး ခုတ်မောင်း
  အလွမ်းဘူးတာအိုမှာ ခဏ ရပ်နား
  အလျားနဲ့ အနံ မသိပေမယ့်
  အသွားရယ် အပြန်ညီခဲ့ကြတယ်...။

 လူတွေ ပြောနေကြတဲ့ "အချစ်"
  ကိုယ်တိုင်ထုဆစ်မိနေချိန်
   စွဲလန်းစိတ်ရဲ့အရှိန်
  အိပ်မက်အိမ်ထိ မင်းတိုးဝင်
  အသိမပေး တံခါးမခေါက်ပဲ
 ရောက်ရောက်လာတတ်တာလဲ ခဏခဏ ပါပဲ...။

Popular Posts 2

Popular Posts 3