* နေ့ နဲ့ ည ပုံမှန်ဖြတ်သန်း
အလွမ်းခန်းတစ်ချို့ ရပ်ဆိုင်း
တို့ နှစ်ယောက် အတွက်
အဲဒီညက သမိုင်းလေးကို
ငါလေ..
အပြာရောင်လေး ခြယ်ချင်မိတယ်..။
* ရင်ခုန်သံချိုတွေနဲ့ 
မင်း ရင်ဘတ်ကို ပုံတူကူးချ
အဲဒီညက ကဗျာလေး
ငါ့အတွက်တော့ ကာရန်တွေ လှနေခဲ့ တယ်..။
* တို့ နှစ်ယောက်ရဲ့ ချစ်ခြင်း
အရောင်တွေ ကင်းနေတယ်
ကဗျာတွေ သီ
စာတွေ ဖွဲ့ ပြဖို့ မလိုအပ်ပါဘူး
အဲဒီညရဲ့ ရင်ခုန်သံ
စည်းချက်တွေ မှန်နေခဲ့တယ်...။
* ရင်ဘတ်ကြီးနဲ့ ရင်းပြီး
အလင်းညှိ ခဲ့တယ်...
အဲဒီညရဲ့ အရိပ် အတိတ်မှာပဲ ကျန်မနေခဲ့ရဘူး
တို့ နှစ်ဦးအတွက်တော့
တို့ နှစ်ဦးအတွက်တော့
အမြဲတမ်း ပစ္စုပ္ပန်ဖြစ်
အချစ် တေးသစ်တွေ ဆက်ဆိုနေမယ်လေ.....။
6 comments:
ရင်းတွင်းသီကျူး
မောင် မယ် ဦးတို့
ကြည်နူးချမ်းမြ
ကာလ ထိုထို
တေးချိုမြည်တမ်း
ခရီးလမ်းတွင်
မြူမျှင်မသန်း
သဉ္ဇာလမ်း ဝ
လှမ်းကြွနိုင်စေ
သက်ဝေကိုယ်စား စေပါး၏ ။
မင်းဧရာ
ချစ်တေးတွေ တူတူဆိုနေတာကို ပီတိဖြစ်စွာ နားလည်ခံစားသွားပါတယ်
ကဗျာခေါင်းစဉ်လေး လှလိုက်လေခြင်းဗျာ...တစ်ခုတော့ အကြံပေးပါရစေဦး...ပန်းရောင်အောက်ခံအောက်က ပန်းရောင်ပို့စ်တွေကို ဖတ်ရတာ ကဗျာဆန်ပေမယ့် စာလုံးသေးတာရယ် မသဲကွဲတာရယ်ကြောင့် အတော်အားစိုက်ပြီး ဖတ်ခဲ့ရပါကြောင်းဗျား...
ကိုမင်းဧရာ၊ မမရိုးမြေ၊ ဆရာဦးဟန်ကြည် သွင့်ကဗျာလေးကို အားပေးလို့ ကျေးဇူးတင်ပါတယ်နော်...။
အလွမ်းခန်းတစ်ချို့ ရပ်ဆိုင်း
တို့ နှစ်ယောက် အတွက်
အဲဒီညက သမိုင်းလေးကို
ငါလေ..
အပြာရောင်လေး ခြယ်ချင်မိတယ်-----------ကောင်းလိုက်တဲ့စာသားလေး
မကြီးဂျက်
အပြာရောင်ခြယ်ထားတဲ့ သမိုင်းလေး လှတယ်နော်။ မဂျက်ပြောတာပဲ။ :)
Post a Comment