
မင်းရဲ့ နှလုံးသားရပ်ဝန်းတစ်ဝိုက်မှာ
ငါ့ နှလုံးသားလေး ဖျားတတ်တယ်....။
ငါက မင်းရဲ့ အရိပ်
တစ်ခါတစ်ခါ မင်းကြိတ်ငိုရင်တောင်
ငါ့နှလုံးသွေးတွေ အလိတ်လိတ်ကျ
ထိတ်ထိတ်ပြာပြာနဲ့ 
ငါလေ အရူးမီးဝိုင်းဖြစ်တတ်တာလည်း
ဘယ်သူမှ မမြင်လိုက်တောင်
မင်း သိနေပါတယ်....။
ရေမြေတွေ ခြားထားလဲ
မင်း နဲ့ ငါ့ နှစ်လုံးသား
မွေးဖွားတဲ့ ည တစ်ညတည်း
အသက်ဝင်ချိန် တစ်ချိန်တည်း
တို့ နှစ်ယောက်က
"နှစ်လုံးသားချင်းဆက်" အမွှာတွေ နော်။
2 comments:
ကဗျာလေးကောင်းပေမယ့် စာလုံးသေးတာရယ် ပန်းရောင်တွေဖြစ်နေတာရယ်ကြောင့် အတော်လေး အားစိုက်ပြီး ဖတ်ယူရတာပဲ...
ဆရာ့
သွင်က မပြောင်းပေးတတ်လို့ ပါ။ ဆရာ့အားပေးစကားအတွက် ကျေးကျေးပါ။
Post a Comment