ဘဝရဲ့ လက်တွဲဖော်တွေနော်
ပျော်စရာကြုံလဲ မခွဲကြေး
ငိုစရာဆိုလဲ မျှဝေကြေး
ပြောပြနေရတယ် ခဏတိုင်းပဲ
ချစ်သူက မေ့တတ်လို့ ပါ။
ဘဝရဲ့ ရင်ခုန်ဘတ်တွေလေ
ဝေချိန်လဲ အတူတူ ဝေကြေှး
ကြွေချိန်လဲ အတူတူ ကြွေကြေး
ဒါလည်း ချစ်သူ ပေးထားတဲ့ ကတိစကားပါ။
သေတပန်သက်တဆုံးထိ မတောင်းဆိုပါဘူး
“ခဏ” ဆိုတဲ့ အချိန်တိုင်းလေးပဲ
ပေးထားဖူးတဲ့ ကတိစကား
ပြန်ပြန် ကြားပေးပါလား။
ခါးတတ်တဲ့ ဘဝရဲ့ မြစ်ကြီးထဲ
အရိုးသားဆုံး ရင်ခုန်သံတွေနဲ့ 
အနွေးထွေးဆုံးချစ်သူ့ လက်တစ်စုံ ဆို ကိုယ့်ဘဝ ကုံလုံနေပါပြီ။