ကြည်သာရွှင်မြူး
ကောင်းကင်ဦးလည်း
ဖြန့်ကြဲနှင်းမှုံ
မြူဇာခြုံ လျှက်
သူထွေးဖက် သည်
ပြာရည်ငွေလှိုင်း အထိုထို ။
မယ့်ရင်ခွင်တွင်း
လူးလွန့်ရင်း မှ
တေးချင်း ချိုမြ
အို... အေး...စ သီ
ရေကြည်ချမ်းမျှ မယှဉ်သာ ။
ရင်မှာသိပ်သည်း
စုံကဲမိုးယှက်
စေတီမြတ်တွင်
အာရုံထင်ကာ
ပန်ရာအမှု့ 
အဆု ဆုကို
ကျွန်တောင်းဆိုသည်
ဘေးမည်သမျှ မခစေ ။
( မောင် )