ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



ပြောကြကြေးဆို
ပုံသေချပြထားတဲ့
မှန်ကန်မှု့ တစ်ခုပေါ့........
အားလုံးသုံးနေတဲ့ ရုပ်ဝတ္ထုတွေ
ငါမလိုချင်ပါဘူးလို့ ဆိုခဲ့ရင်
ရူးတယ်လို့ များ ပြောကြမလား.....
တစ်ခါတလေတော့လည်း
အများကြီးမဟုတ်တောင်
လှည့်စားတတ်တဲ့
အယောင်အဆောင် လေးတွေရဲ့ တန်ဖိုးကို
တွက်ကြည့်မိနေတယ်......
ငါ့နှလုံးသားရဲ့
တောင်းဆိုမှု့တွေက
ရုပ်ဝတ္ထုတွေ မဲ့နေခဲတယ်
သန်းခေါင်ယံအလယ်မှ လမင်း....
ကြင်နာခြင်း အနမ်း
ခပ်ဝါးဝါး အလွမ်းတွေနဲ့
မင်းကမ်းမဲ့ လက်တစ်စုံကို
ခုံမင်စွာနဲ့ငါ မက်မောတယ် ။

1 comments:

Anonymous said...

ဒြပ်မဲ့ ချစ်ချင်းနဲ့
မျှော်လင့်ခြင်း တေးသွားပျိုးကို
အတူတူဆို ကြဖို့
ဟောဟိုမှာ အာရုံဦးက ချိုမြပြီ ။



မောင်

Post a Comment

Popular Posts 2

Popular Posts 3