ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ


တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ
         ငါ ငို ချင်မိတယ်..။

ဒါပေမယ့် ငါ မငိုပါဘူး ချစ်သူ
          မင်း ပြောထားတဲ့ တို့ နှစ်ယောက် အနာဂတ်လေး ကို 
          တိတ်တိတ်လေး မြင်နေရင်းပေါ့…။

တစ်ဘဝလုံး အတွက်
          ငါ့ စိတ်ကူး ၊ အိပ်မက်လေး တွေ မင်းကို ငါပေးထားပြီးပြီလေ
          မင်း ပြောပြတတ်တဲ့ အတွေးလေးတွေ ကို ပုံဖော်ကြည့်
           ခဏ ခဏ သတိပေး တတ်တဲ့ ချစ်သူ့ စကား
           ငါ့ ဘဝကို အမှားတွေ နည်းစေချင်လို့ ဆိုတာ ငါယုံထားတယ်လေ..။

တို့ နှစ်ယောက် အနေတွေ ဝေးနေပေမယ့်
           ရင်ဘတ်ချင်း ဆက်ခဲ့ တာ ငါ့ ကိုယ် ငါ အံ့သြနေတုန်း ပဲ..။

ချစ်သူ
မင်း မရှိတဲ့ အချိန်တွေ ဆို တိမ်တွေ တောင် ငို တယ်လို့ ငါမြင်နေ မိတယ်..  
          တစ်ကယ်ပါကွယ်
          တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ
         ငါ ငို ချင်မိတယ်..။

5 comments:

Phyu Lwin said...

ချစ်စရာကဗျာလေး.. ကဗျာထဲက ချစ်သူနှစ်ယောက်က အရမ်းချစ်ကြပုံပဲနော်..။ ဝေးနေတာတောင် အချစ်တွေလျော့မသွားဘူးတဲ့လေ..။

နွေတေးရှင် (မင်းဧရာ) said...

အချစ် စစ်
သိပ့်သည်းမှု့ မြစ်တစ်စင်းပေါ်
ရေဆန်ကို လှော်ခတ်
ဟောဒီအနာဂါတ်က
သူမ အတွက်ဖြစ်ခဲ့တယ် ။

လရိပ်အိမ် said...

ရိုးရိုးလေးနဲ့ဖတ်လို့ကောင်းသောကဗျာ။ အားပေးသွားပါတယ် ။

စံပယ်ချို said...

အနေတွေ ဝေးနေပေမယ့်
ရင်ဘတ်ချင်း ဆက်ခဲ့ တဲ့အိမ်လေးကိုရောက်ခဲ့တယ်နော် ကဗျာကောင်းလေးတွေဖတ်ရလို့ ကျေးဇူးပါ

Anonymous said...

အစ်မ တိမ်လွှဖြူ.... လရိပ်အိမ်... အစ်မ စံပယ်ချို ....
မောင်.....အားလုံးကို ကျေးဇူးတင်တယ်နော် နောက်လည်း လာအားပေးကြပါဦး ရှင် ။

ရင်လှိုင်း

Post a Comment

Popular Posts 2

Popular Posts 3