ရောင်ခြည်တစ်ခုကို တမ်းတ
လမ်းစတစ်ခုကို ရှာဖွေ
တွေဝေမှုတွေ ရှင်းပစ်
အလင်းသစ်နဲ့ ရှေ့ဆက်လျှောက်....။
တက်ခေါက်သံ တစ်ခု ငါကြားတယ်
ထည်ဝါမှု ဘဝကို ဖန်ဆင်း
"ငါ၏ အသက် ပြိုလဲ သော်မှ
ငါ့မာန တွေ မြေသို့ ချမည်.."
စာဆိုတစ်ဦး ၏ မာန်တင်းသံ
ခံပြင်းသံ ပါလိုက်ပါဘိကွယ်..
"ငါ့ဓား အသွား အမြဲ သွေး
အလှမ်းဝေးရင် ရှေ့တိုးခုတ်
နောက်မဆုတ်တမ်းပေါ့.."
ငါ ဟာ ဖန်ဆင်း ရှင် မဟုတ်..
ဒါပေမယ့်..
ငါ့ဘဝ တစ်ခုကိုတော့ လှပအောင် ဖန်တီး နိုင်ရမှာပေါ့..။
ရောက်ခြည်သစ်ရဲ့ အားမာန်နဲ့ 
ခြေလှမ်း တစ်ခု ကို မွေးဖွား
အမှား တွေ နည်းဖို့ ကြိုးစားရင်း
အလင်းသစ်ဘဝကို တည်ဆောက်
ဘယ်တော့ ရောက်မလဲ
လွဲမှားမှု တွေ နဲ့ မိတ်ဆွေ မဖွဲ့ မိစေနဲ့ ပေါ့.။
ငါ ငို လို့ မရပါဘူးလား..
ဘာကြောင့်ဆိုတာ ပြန်တွေးဖို့ လိုပြီ..
ငါ့ မာန ဆိုတဲ့ သစ်ပင်လေး
မျော်လင့်ခြင်း ဆိုတဲ့ ရောင်ခြည်အောက်မှာ
အလင်းသစ်နဲ့ ပျော်ရွှင်
အမြဲ တမ်း အသက်ဝင်နေသရွေ့ ပေါ့...
ငါ့ မျက်လုံး တွေ ဘယ်တော့မှ မရှုံးစေရဘူး..
အဲဒါ..
ငါ ဖန်တီးသူ ပေါ့..။
ရင်လှိုင်းခတ်သံ
2 comments:
ကဗျာ မာန်ပါလှတယ်
ဒုတိယ အပိုဒ် အချိုးလို
ကျနော်တို့လည်း ရှေ့ တိုးခုတ်ကြတာပေါ့ဗျာ ။
နောက်ပိုင်းလေး ပိုလှတယ်....:)
ဆက်လက်ထုဆစ်နိုင်ပါစေ ဘော်ဘော်ရေ >>>
ခင်တဲ့....မိုးနတ်ကြယ်စင်
Post a Comment