ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ




* ကမ္ဘာကြီး တစ်ခုလုံး ကို လှပအောင် မစွမ်းနိုင်ပေမယ့်
မီးအိမ်လေးတစ်လုံးလို မင်း ချနင်းမယ့် ခြေလှမ်းတိုင်းတွက် အလင်းစက်တို့ ဖြိုပေးချင်တယ်. . .။
* မနက်ခင်းတိုင်း မင်းအနမ်းနွေးနွေး တွေနဲ့  နိုးထ
ပစ္စုပ္ပန် နေ့ ရက်တွေကို မင်းနဲ့ အတူ ကြိုရင်း နာရီတွေ အသက်သွင်းမယ်. . .။
* လေပြေချိုချို တွေ ဆော့တဲ့ ညနေတစ်ချို့ မှာ
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်
ပြီး ခရီးတိုတို လေးအတွက် အားယူမယ်လေ. . .။
* နက္ခက်တွေ ညှို ကြယ်တွေ ရေတွက်ရင်း စိတ်ကူးတွေ ပုံဖော်
အိပ်မက်တစ်ခု မင်းနဲ့ ထပ်တူ မက်ချင်တယ်. . .။
* ကဗျာတွေ ဖြန့် ခင်း တို့ နှစ်ယောက်ရဲ့ ကြင်နာခြင်း အရိပ်
တစ်ခါတစ်ရံတော့ ကာရံ တွေနဲ့ စီးမျောကြရင်းပေါ့. . .။
* တိမ်တွေ ငို ပြိုဆင်းလုချိန်လေး သံစဉ်တွေနဲ့ 
တို့ နှစ်ယောက်ရဲ့ အနာဂတ် တိတ်တိတ်လေး ပြေးဖက်မယ်နော်. . .။
* အဖြူအမဲ လွန်ဆွဲနေတတ်တဲ့ သဘာဝတစ်ခု
လူတွေ ပြောတဲ့ တိုက်ပွဲ
တို့ ရဲ့ ကြင်နာခြင်းလက်တစ်စုံနဲ့ တိုက်မယ်လေ. . .။
* ဒဏ်ရာ ခါးခါး တစ်ချို့ 
အငွေ့ ပျံပျောက်ရှသွားဖို့ ခတ်တဲ့ အတိတ်
ရင်ခွင်ထဲ ထွေးသိပ်ပေးရင်း
နားလည်မှုတွေ နဲ့ ဖေးကူသွားကြမယ်နော်. . .။

0 comments:

Post a Comment

Popular Posts 2

Popular Posts 3