ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



ရင်ဘတ်ကြီးထဲက သံစဉ်တစ်စ
မင်းဘ၀ လှဖို့ဆိုညီး
ညနေတစ်ချို့ကို ကဗျာတွေခင်းပေးမယ်
မင်းလှမ်းလာခဲ့ပါနော်...။

ဘ၀ ဆိုတဲ့အရာက
ပုံပြင်တွေလို မလှနိုင်တော့
မင်းယုံအောင်ဘယ်လိုပြောပြရမလဲ။

သေချာတာကတော့
မနက်ဖြန်တွေလှဖို့အတွက်
မင်းနဲ့ ငါရဲ့ချစ်ခြင်းတွေ အရင်းပြု
ပုံပြင်အတုတွေဝါးမျိုရင်း
အလင်းမဲ့ညတွေကို
တို့နှစ်ယောက်ရဲ့ လက်တွေနဲ့ထွန်းညှိကြမယ်လေ။
 

0 comments:

Post a Comment

Popular Posts 2

Popular Posts 3