* ကာရန်တွေနဲ့ လှခဲ့တဲ့ည မဟုတ်ဘူး
ကဗျာတွေငိုပြီး
တို့နှစ်ယောက်ရဲ့ ရင်ခုန်သံကို ကြိုခဲ့တာ….။
*သံစဉ်တွေနဲ့
လင်းခဲ့တဲ့ည မဟုတ်ဘူး
သီချင်းတွေတိတ်
ရင်ခွင်တစ်ခုလုံး ကြင်နာခြင်းအရိပ်တွေ ဖြာခဲ့တာ…။
*လိုချင်တာ
ဖြစ်နိုင်တဲ့ ပုံပြင်တစ်ပုဒ်
ကောက်နှုတ်ချက်တွေ
ထုတ်ပြီး ပြောခဲ့တာမဟုတ်ဘူး
အချစ်စွမ်းအားနဲ့
အရာရာ ပြီးမြောက်ခဲ့တာ…။
*ဖြစ်ချင်တာ
ရစေတဲ့ စွမ်းအားလဲ ပိုင်ဆိုင်မထားခဲ့ကြပါဘူး
နှလုံးသားချင်းထပ်တူကျ
အလိုလို ကို
ငြိမ်းချမ်းနေခဲ့ကြတာ…။
*အပြာရောင်ညထဲ
နှလုံးသားထောင့်တစ်နေရာက
ယိုဖိတ်လာတဲ့ ဒီကဗျာ
သေချာတာတော့
ကာရံမပါခဲ့ဘူး မောင်…။
2 comments:
ချည်နှောင်ခဲ့တဲ့
အဲဒီကြိုးကို တိုး တိုးပြီး တင်းရစ်
အသစ်အသစ်တွေ နဲ့ ထုဆစ်သွားကြမယ် ။
( မောင် )
လွမ်းတယ်။ ကိုယ့်ဘဝလေး လေ။ မောင့်ကိုလွမ်းတယ်။
Post a Comment