ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ




ပုဝါမကူဘဲ  ထိုးခဲ့တာပါ
ရေရူဖို့လည်း မေ့ထားတာပါ
ဒါပေမယ့်
ရလာဒ်က လှမလာဘူး…။
တိုတောင်းပါတယ် လို့ပြောနေတဲ့ သက်တမ်း
တစ်ကယ်တမ်းနင်းဖြတ်ရတော့လည်း အတော်အသင့်တော့ကြာတယ်နော်..။
မေးခွန်းတစ်ခု ခေါင်းထဲရောက်လာတယ်
ရှင်သန်ခြင်းဆိုတာ….
အသိအမှတ်ပြုခံရခြင်း …
ထိုက်သင့်တဲ့ငွေအသပြာ ရယူနိုင်ခြင်း…
နေရာတစ်ခု လက်ဝယ်ကိုင်ထားခြင်း
တောက်ပတဲ့အပြုံးလှလှ တစ်ခု ဖန်တီးနိုင်ခြင်းလား
သေချာတာတစ်ခုကတော့
ငါ ပိုပြီး ပြုံးပြတတ်လာတယ်….။
ရှင်သန်ခြင်း ဆိုတာ….
မှားလားမှန်လား ရှာဖွေခြင်း
စစ်လား တုလား ဝေဖန်ခြင်း
ဆိုးလား ကောင်းလား လောင်းကြေးထပ်ခြင်း
အကျိုး နဲ့ အပစ် တက်စ်လုပ်ခြင်း
အပူ အအေး မေးခွန်းထုတ်ခြင်း
မဲလား ဖြူလား ခွဲကြည့်ခြင်း
ယုံကြည်မှု ပမာဏ တိုင်းတာခြင်း
အလင်း အမှောင် ခြယ်ကြည့်ခြင်းလား
ဒီမေးခွန်းတွေကြား ငါအဖြေမထုတ်နိုင်ခဲ့ဘူး..။
ရှင်သန်ခြင်းဆိုတာ  …..
လွယ်ကူခြင်းမဲ့
အဆုံးမရှိ
ရှာဖွေနေရခြင်းလား….  
ကိုယ်အတွက် အဖြေခက်နေတဲ့ ဒီမေးခွန်း
ခေါင်းထဲရောက်ရောက်လာနေတယ်ကွယ်……။

3 comments:

Anonymous said...

အခက်အခဲဆိုတာ
လူတစ်ယောက်ကို စမ်းသပ်လေ့ရှိသော အရာ ။
ဘယ်သို့သောမြစ်တွေမှ မဖြောင့်တန်းခဲ့ကြဘူး
ဒါပေမဲ့ ပင်လယ်အထိအရောက်ကူးသွားကြတယ် ။




မောင်

စံပယ်ချို said...

ရလာဒ်က လှမလာဘူး…။
တိုတောင်းပါတယ် လို့ပြောနေတဲ့ သက်တမ်း
တစ်ကယ်တမ်းနင်းဖြတ်ရတော့လည်း အတော်အသင့်တော့ကြာတယ်နော်.

ရလဒ်တွေ လှမယ့် ရက်အချိန်တခုတော့လိုအပ်တယ်ညီမရေ
စိတ်ရှည်ပေးပါ
ခုမှ ဘလောက်ထဲရောက်ဖြစ်တယ် သူငယ်ချင်းတွေရဲ့ ကော်မက်တွေလဲခုမှ တင်ဖြစ်လို့နော်

ရင်လှိုင်းခတ်သံ said...

ဟုတ် မဂျက်။ ကျေးကျေးနော် မဂျက်။

Post a Comment

Popular Posts 2

Popular Posts 3