အချစ်ကြိုးစစ် တွယ်ငှင်ရစ်ချည်
ထုဆစ်ပုံသွင်း ချစ်ခြင်းရုပ်သွင်
သံယောဇဉ်ပန်း နွယ်ပင်တန်းတည်း ။
ကြင်နာမြစ်ငယ် ယှက်ဖြာသွယ်စီး
ညလည်ညည်းချင်း ချယ်မှုန်းသံစဉ်
မေတ္တာယှဉ်တေး ငြိမ့်ငြိမ့်တည်း ။
ဂရုနာမိုး တိတ်တခိုးဆင်
မြတ်နိုးဝိဥာဉ် တိုးဝှေ့ကြင်သည်
ရင်ခွင်တစ်စုံလှိုက်ခုန်စေ ။
နွယ်တစ်ပင်ပွင့် သံစဉ်လွင့်ချိန်
မေတ္တာအိမ်သစ် တိုးနှစ်ရစ်ချည်
အလီလီဆင့် ပန်းရောင်ဖြစ်တည်
ရွယ်ရည်သက်ဆုံး တိုင်သို့စေ ။
1 comments:
ချစ်ခြင်းမျှသီ
အလီလီဆင့်
ရင်နှစ်ချိုးမြ
ပန်းတို့ က စေ
မောင်ဆုခြွေသည်
ရွယ်ရည်သက်ဆုံး တိုင်သို့စေ ။
( ချစ်သောမောင် )
Post a Comment