ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



အချစ်ကြိုးစစ် တွယ်ငှင်ရစ်ချည်
ထုဆစ်ပုံသွင်း ချစ်ခြင်းရုပ်သွင်
သံယောဇဉ်ပန်း  နွယ်ပင်တန်းတည်း ။

ကြင်နာမြစ်ငယ်  ယှက်ဖြာသွယ်စီး
ညလည်ညည်းချင်း ချယ်မှုန်းသံစဉ်
မေတ္တာယှဉ်တေး ငြိမ့်ငြိမ့်တည်း ။

ဂရုနာမိုး တိတ်တခိုးဆင်
မြတ်နိုးဝိဥာဉ် တိုးဝှေ့ကြင်သည်
ရင်ခွင်တစ်စုံလှိုက်ခုန်စေ ။

နွယ်တစ်ပင်ပွင့် သံစဉ်လွင့်ချိန်
မေတ္တာအိမ်သစ် တိုးနှစ်ရစ်ချည်
အလီလီဆင့်  ပန်းရောင်ဖြစ်တည်
ရွယ်ရည်သက်ဆုံး တိုင်သို့စေ ။

1 comments:

Anonymous said...

ချစ်ခြင်းမျှသီ
အလီလီဆင့်
ရင်နှစ်ချိုးမြ
ပန်းတို့ က စေ
မောင်ဆုခြွေသည်
ရွယ်ရည်သက်ဆုံး တိုင်သို့စေ ။


( ချစ်သောမောင် )

Post a Comment

Popular Posts 2

Popular Posts 3