ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



သင်္ကြန်ရနံ့ ပျံ့ ပျံ့ထုံသင်း
ချည်းနင်းဝင်ရောက် တံခါးခေါက်သူ ။

ကြူ ပုံဆန်းဆင့် လန်းစွင့်စွင့်ယှဉ်
ပင်မြင့်ခေါင်းဖျား ၀င့်ကြွားသူ ။

စက်သွားနရီ ရာသီကူးလူး
နှစ်ဦးသက်ဝင် ပုံရိပ်ဆင်သူ ။

နဂိုယဉ်ပို ရွှေဆင်းစိုစို
ရွက်စိမ်းခိုဝှက် အရှက်သည်းသူ ။

နှုတ်ဆက်ရွက်အို ရွက်နုပျို ကြား
ဥသြချို ကြိုတဲ့ သူ  ။

တူပို့သံချို မူပိုယိမ်းက
ယိမ်းသူမထက် လှလွန်းသူ ။

သူ့ဂုဏ်မွှန်းတင် ပန်းတော်ဝင်ချင်း
ယဉ်ထက်ယဉ်ဆင့် သတင်းကြီးသူ ။

2 comments:

စံပယ်ချို said...

သင်္ကြန်ကိုခံစားလိုက်ရတယ်

Unknown said...

မကြီးဂျက် ဒီဘလော့လေးကို လွမ်းလို့။

Post a Comment

Popular Posts 2

Popular Posts 3