ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ




စိတ်ဝိဥာည်တစ်ခုလုံး ပုံအပ်
နှစ်လုံးသားချင်း ထပ်တူကျ
ညပေါင်းများစွာထဲက တစ်ည
ဘဝမှာ အဦးဆုံးသက်ဝင်လှုပ်ရှား
ရင်ခုန်သံ စည်းချက်ညီ နိုးထခဲ့ပေါ့……..။

·         အိပ်စက်ခြင်း မရှိပါပဲ
အိပ်မက်တစ်ခု အတူမက်ရင်း
တို့ နှစ်ယောက်ရဲ့ ဘဝပုံရိပ်
တိတ်တိတ်လေး ထုဆစ်ခဲ့ချိန်
တိမ်ဆိုင်တွေတောင် လိုက်ပါလို့ ”က” နေခဲ့ မယ်ထင်တယ်
အဲဒီည
အိပ်မက်တွေထက် လှတဲ့ ညပေါ့…။

3 comments:

Anonymous said...

မြစ်တစင်း
ချစ်ချင်းဖွဲ့သီ
နှစ်ကိုယ်ရည်စူး
ဒီညဦးဆီ အလီလီ ။


( မောင် )

စံပယ်ချို said...

ဒီလိုညမျိုး အမလဲ လိုချင်မိတယ်

ရင်လှိုင်း said...

အိပ်မက်ထက် လှတဲ့ညပေါင်းများစွာ ထပ်ထပ် တိုးလို့ ပိုင်ဆိုင်နိုင်ပါစေနော် မဂျက်။

Post a Comment

Popular Posts 2

Popular Posts 3