ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ





ပဉ္စလက် အတတ်ပညာနဲ့ ဖမ်းစား
နှလုံးသားယန္တယား
ရုတ်တရတ် ရပ်သွားခဲ့တာလား. . .
အရှိန်ပိုမြင့်လွန်းလို့ 
အမြင်မှာ "ရပ်" နေတယ်လို့ မြင်မိသွားတာလား
သေချာတာတော့
နှလုံးသားလေး ဖျားတဲ့ ည ပေါ့. . .။
လူသားအားလုံး
လက်ခံကျင့်သုံးနေတဲ့ တေးတစ်ပုဒ်
ဘယ်မှာ ထူးဆန်းပါ့မလဲ
"ချစ်တယ်" ဆိုတဲ့ သံစဉ်
ရင်ခုန်သံ အမြင်တွေနဲ့ သီဖွဲ့ တဲ့တေး
အဝေးဆုံးလွင့်ပျံ
ပဲ့တင်လို့ ညံခဲ့
နှလုံးသားကိုယ်စီလည်း ယိမ်းက တဲ့ ညပေါ့. . .။
ရင်ခုန်ဘတ်ချင်းမို့ 
အိပ်မက်တစ်ခု အတူမက်
ဘဝမြစ်တစ်လျှောက်
စုန်ရေကြုံချိန်တွေပဲ ဖြစ်ဖြစ်
ဆန်ရေ တွေ့ သည်ဆိုဆို
တို့ နှစ်ယောက်လက်တွေမြဲစေ
နှစ်လုံးသားချင်း အထပ်ထပ် ကြား
ကတိတွေ ထားတဲ့ ည ပေါ့. . .။

Popular Posts 2

Popular Posts 3