* တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံ
နံရံတွေရဲ့ နားတွေကြားတယ်
မင်း နဲ့ ငါ ကြား
မြူမှုန် ပါးပါးလေး တောင်
ခြားမထား ဘူးနော်။
* အာရုံဦး အလင်းတန်း
ငါ့အတွက်တော့ မင်းရဲ့အနမ်း
မင်းအတွက်လည်း ငါ့ရဲ့အနမ်း
နှလုံးသားနဲ့ ဖမ်းဆုပ်ထား
တို့ နှစ်ဦးပဲ ကြားစေတယ်နော်။
ငါ့အတွက်တော့ မင်းရဲ့အနမ်း
မင်းအတွက်လည်း ငါ့ရဲ့အနမ်း
နှလုံးသားနဲ့ ဖမ်းဆုပ်ထား
တို့ နှစ်ဦးပဲ ကြားစေတယ်နော်။
* ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငေး
မေးခွန်းတစ်ချို့ မေးမိတယ်
အချစ် ဆိုသော တန်ပြန်မှုအား
နှလုံးသားတိုင်းကို လှုပ်ခတ်စေတာပေါ့။
* ရင်ဘတ်ချင်း ဆက်
နှစ်လုံးသားချင်း ထပ်ထားသူတွေ
သံသယာ ဒီခရီးကို
ဘဝလက်ချင်း ခိုင်ခိုင်တွဲ
ရဲရဲလျှောက်ကြမယ် နော်။
4 comments:
ဟုတ်တာပေါ့---ရဲရဲသာလျှောက်...............
မဂျက်လျှောက်ခိုင်းတာနော်။
သံသရာဘ၀ခရီးကို ရဲရဲဖြတ်လျှောက်ရဲပါစေ။ ကဗျာလေးက ချစ်စရာလေး ရင်လှိုင်းရေ
ရိုးရိုး ရေ. . .
ကဗျာရှင်လည်း ချစ်ဖို့ ကောင်းတယ် တဲ့။ :)
Post a Comment