ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



* တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံ
  နံရံတွေရဲ့ နားတွေကြားတယ်
  မင်း နဲ့ ငါ ကြား
  မြူမှုန် ပါးပါးလေး တောင်
  ခြားမထား ဘူးနော်။

* အာရုံဦး အလင်းတန်း
  ငါ့အတွက်တော့ မင်းရဲ့အနမ်း
  မင်းအတွက်လည်း ငါ့ရဲ့အနမ်း
  နှလုံးသားနဲ့ ဖမ်းဆုပ်ထား
  တို့ နှစ်ဦးပဲ ကြားစေတယ်နော်။

* ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငေး
  မေးခွန်းတစ်ချို့ မေးမိတယ်
  အချစ် ဆိုသော တန်ပြန်မှုအား
  နှလုံးသားတိုင်းကို လှုပ်ခတ်စေတာပေါ့။

* ရင်ဘတ်ချင်း ဆက်
  နှစ်လုံးသားချင်း ထပ်ထားသူတွေ
  သံသယာ ဒီခရီးကို
  ဘဝလက်ချင်း ခိုင်ခိုင်တွဲ
  ရဲရဲလျှောက်ကြမယ် နော်။

4 comments:

စံပယ်ချို said...

ဟုတ်တာပေါ့---ရဲရဲသာလျှောက်...............

ရင်လှိုင်း said...

မဂျက်လျှောက်ခိုင်းတာနော်။

Yoemyaykya said...

သံသရာဘ၀ခရီးကို ရဲရဲဖြတ်လျှောက်ရဲပါစေ။ ကဗျာလေးက ချစ်စရာလေး ရင်လှိုင်းရေ

ရင်လှိုင်း said...

ရိုးရိုး ရေ. . .
ကဗျာရှင်လည်း ချစ်ဖို့ ကောင်းတယ် တဲ့။ :)

Post a Comment

Popular Posts 2

Popular Posts 3