ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ




ကြယ်စင်တွေလင်းလတ်
စည်းချက်ညီကခဲ့တယ်
မင်းနဲ့ ငါ့အတွက်ရင်ခုန်သံ
လှိုင်းတွေထံ လို့............။

တူညီတဲ့ တန်ပြန်မှု့တွေအောက်
မာနတွေ ဒူးထောက်ကျ
ယုယမှု့တွေ ထမ်းပိုးလို့
မြတ်နိုးခြင်း လိပ်ပြာ
တို့ နှစ်ယောက်ထံကို
အရောက်ပြန်ဝဲလာခဲ့တယ်နော် ။

ပုံမှန်နဲ့ ကွဲထွက်
ပွင့်အံကျလာတဲ့ ရင်ခုန်သံ
သံစဉ်မြစ်တစ်လျှောက် စီးဆင်း
ရှိုက်သံကင်းမဲ့ ဇုံမှာ
ကဗျာ တစ်ပုဒ်ကို အတူတူဆို
အကြင်နာတွေ ပိုခဲ့ကြတယ်နော် ။

3 comments:

Yoemyaykya said...

ဟာ ရင်လှိုင်းရေ ကဗျာတွေက ခံစားချက်အပီအပြင်ပဲ။
ကဗျာတစ်ပုဒ်ကို တူတူဆိုခွင့်ရတာ ဘယ်လောက်ကံကောင်းလိုက်လဲ

Anonymous said...

အရိုင်းည သံစဉ်
ရင်ခွင်မှာ ထွေးပိုက်
စည်းချက်အလိုက် ကခုန်
ဟောဒီမှော်ရုံဟာ
မောင်တို့ ကမ္ဘာဖြစ်တယ် ။



မောင်

စံပယ်ချို said...

အကြင်နာတွေ ဆက်လက်ပိုနိုင်ကြပါစေလို့
စကားမစပ် သီတင်းကျွတ်ပြီလေ....................... ဘယ်တာ့လဲ?????????????///

Post a Comment

Popular Posts 2

Popular Posts 3