ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



Happy Blog Day


ဒီနေ့ လေးကို ပထမဆုံး တွေ့ ကြုံဖူးတဲ့ ရင်လှိုင်း အရမ်းကို ပျော်နေခဲ့ပါတယ်….။ ရင်လှိုင်းကို တွဲခေါ်ဖို့ ကြိုးစားပေးကြသူတိုင်းကိုရင်လှိုင်း အပျော်တွေကြားကနေ ကျေးဇူးတင်တဲ့အကြောင်းလေးကို ပြောပါရစေ…။ ရင်လှိုင်းရဲ့ အိမ်လေးကို စပြီးဖွင့်တာကတော့ June 8 နေ့ ပါ..။ ပထမဆုံးသော ရင်လှိုင်း ခြေလှမ်း လေးက “ဖန်တီးသူ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေး တစ်ပုဒ် ပါ…။
ရင်လှိုင်း ဘလော့အကြောင်းကို ဘာမှ မယ်မယ်ရရ မသိပါပဲ စာရေးပြီး တင်လို့ ရတယ်... ဆိုတဲ့ အသိလေးတစ်ခု နဲ့ တင် ဒီနေရာလေးကို ရောက်လာခဲ့တာပါ…။ ရောက်လာလာခြင်းတော့ အိမ်တွေ လည်ရင်း စာတွေ ဖတ်၊ ကောမန့် တွေရေးနဲ့ လေ…။ ကိုယ်မန့် လိုက်လို့ ကိုယ့်ကောမန့် လေး ပြန်ဖတ်ရတာကို ပျော်နေခဲ့တာလေ…။ ဒီနေရာ၊ ဒီရပ်ဝန်းလေးက အဲလိုလေးတွေ ချစ်ဖို့ ကောင်းနေခဲ့တာပါ…။
ရင်လှိုင်း ထပ်ပြီး သိလာတာက Blog Day ပါ..။ Blog Day က August 31 တဲ့။ ဒီနေ့ ရဲ့ သမိုင်းကြောင်းကို ရင်လှိုင်း ကောင်းကောင်းမသိပါဘူး..။ ရင်လှိုင်း သိတာကတော့ ဒီနေ့ (Blog Day)အတွက် တဂ်ပိုစ့်ဆိုတာက It’s a must ဆိုတော့ ရင်လှိုင်း ကြိုးစားပြီး တာဝန်ယူရတော့တာပေါ့။ ဒီနေ့ မှ ကြိုးစားပြီး တဂ်ရတာကိုတော့ အားနာမိပါတယ်..။ နောက်ကျနေပေမယ့် လည်း Blog Day ရဲ့ အပျော်လေးတွေ က ခုထိရှိနေတာက တစ်ကြောင်း၊ ပြီးတော့ ရင်လှိုင်းကို ချစ်လို့ အမှတ်တရ တွဲခေါ်လာတဲ့ မမသက် နဲ့ မဂျက်ကို လေးစားတာက တစ်ကြောင်း နဲ့ ခု ဒီပိုစ့်လေးကို ရေးဖြစ်မိတာပါ…။
ရင်လှိုင်း ရဲ့ ဘလော့ပေါ်ခြေချတဲ့ သက်တမ်းက တစ်ကယ့်ကို နုနုလေးပါ..။ ဒီအချိန်မှာ တဂ်ပိုစ့်ဆိုတာကို စတင်ကြုံလာခဲ့တယ်…။ သူများတွေ တဂ်ပိုစ့်တွေကို ကြည့်ပြီး ပျော်နေရင်းက ကိုယ့်မှာလည်း တာဝန်ရှိလာပြီဆိုတာ သိလိုက်ရတော့ ရင်လှိုင်း စိတ်လှုပ်ရှားမိတယ်…။ ရင်လှိုင်း ဒီတာဝန်ကို ကြိုးစားပြီး ယူရတာပါ..။ စာရေးချင်လို့ ဆောက်ထားတဲ့ အိမ်လေးမှာ သူပတ်ဝန်းကျင်၊ သူ့ အသိုင်းအဝန်း လေးရဲ့ သဘာဝလေးကို သိခွင့်ရလာခဲ့တယ်လေ…။ ရင်လှိုင်း ကို တွဲခေါ်ဖို့ ကြိုးစားတဲ့ မမသက်၊ မဂျက် တို့ ကို ရင်လှိုင်း ကျေးဇူးတင်ပါတယ်..။
ရင်လှိုင်း အိမ်လေး ရဲ့ အားနဲချက်တွေကို ကြိုးစားပြီးတော့သာ ဖြည့်ကြည့်ပေးကြပါနော်…။ အိမ်ရှင်တိုင်း ဧည့်သည်ကို မျှော်တတ်တယ်လို့ ရင်လှိုင်း တွေးမိတယ်…။ ဒီအတွေးလေးက တစ်ကယ့်ကို ရိုးသားစွာ တွေးမိခြင်းပါ…။ ဧည့်သည်မျှော်နေပေမယ့် ရောက်လာတဲ့ ဧည့်သည်တော်တွေ အတွက် တော့ ပြည့်ပြည့်စုံစုံလေး မစီစဉ်ပေးနိုင်သေးဘူး ဖြစ်နေတယ်..။ အဲဒီအတွက်တော့ ရောက်လာသူ ဧည့်သည်တော်တွေကို ရင်လှိုင်း တောင်းပန်ပါတယ်….။ တစ်ဖြည်းဖြည်း နဲ့ တော့ ဧည့်ဝတ်ကျေအောင် ကြိုးစားနေပါတယ်….။
Happy Blog Day!!

5 comments:

နွေတေးရှင် (မင်းဧရာ) said...

ပျော်ရွှင်စရာ ကောင်းသော
ဘလောဒ့်ဒေး လေးမှသည်
နောက်နောင်နှစ်များစွာ တိုင်အောင်
ဆက်လက်ပြီး ဘလောဒ့်ဂင်း နိုင်ပါစေဗျာ ....။

ရင်လှိုင်းခတ်သံ said...

ကျေးကျေး နော်။ ကိုနွေတေးရှင် ပေးတဲ့ဆု နဲ့ ပြည့်ပါစေ နော်။

Yoemyaykya said...

ရင်လှိုင်းရေ အစ်မလဲ ဘလော့ဒေးတဂ်ပို့စ်ရေးရသေးဘူး။ ဘလော့သက်တမ်းနုသေးပေမယ့် အရေးအသားတွေက မနုတော့ဘူးကွယ့်။

ရင်လှိုင်းခတ်သံ said...

မမ ရိုးမြေ

ရင်လှိုင်း ရဲ့အိမ်လေးကို လာလည်လို့ ကျေးကျေးနော်။ ရင်လှိုင်းကို အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်..။

ထရီဆာ (Teresa) said...

လာလည်တယ် ရင်လှိုင်း၊ ညီမလေး ရိုးမြေကျကတောင် သူ့ကိုယ်သူ အစ်မလို့ သုံးသွားတော့ အမထက် ငယ်မယ့်ပုံရှိလို့ ညီမလေးလို့ပဲ ခေါ်သွားလိုက်တယ် .. :) ဘလော့ Day Post လေး ဖတ်သွားပါလေရဲ့ဗျာ ..

စာကို ဘလော့မှာမတင်ခင် microsoft word မှာ ရိုက်တဲ့အခါ Line Spacing ကို 11.5 လောက် ထားကြည့်ပါလား ညီမလေး၊ အမဆိုလည်း အဲ့လိုပဲ ထားတာလေ၊ အခု ဘလော့မှာ စာက တစ်ကြောင်းနဲ့တစ်ကြောင်း ကြပ်နေလို့ အကြံလေးပါ ပေးသွားတာပါ ။ :)

Post a Comment

Popular Posts 2

Popular Posts 3