ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ






     မမသက် ရင်လှိုင်းလည်း ရှိတဲ့အိတ်လေး မှောက်ပြတော့မယ်နော်..။ သူများတွေ လို တော့ 
ကဗျာဆန်စွာ အိတ်လေးကို မှောက်ပြ တတ်ဘူးနော်..။ ကဲ ရင်လှိုင်း အိတ်လေး မှောက်ပြီနော်..။

   ပထမဆုံးက ရင်လှိုင်း အိတ်ကိုင်လေ့ မရှိဘူး..။ တစ်ချိန်လုံး ကျောပိုးအိတ်ကို ပဲ မခွဲမခွာ ကျောမှာ ပိုးလေ့ ရှိနေတတ်တယ်..။ ခုတော့ အကြောင်း လေးတွေ ရှိနေလို့ ..အကျိုးလေးတွေ ဖြစ်လာတာပေါ့နော်…။ တရားဟောနေတာ ဟုတ်ဖူးနော်..။ ဘယ်ရောက်သွား လဲ မသိဘူး…မြန်မြန် ဖမ်းရမယ်..။ ဒါက ဒီလို ရှိပါတယ်…။ အစောက ပြောတဲ့ အကြောင်းကြောင်းကြောင့် ရင်လှိုင်းမှာ အိတ်လေး ရှိလာပါပြီ…။ ရှိတဲ့ အိတ်လေးကို ပဲ မှောက်ပြ မယ်နော်..။

  ရင်လှိုင်း စာရေးချင်တဲ့ ပိုးလေးက အကြီးကြီး မဟုတ်ပေမယ့်..သေးသေးလေး လည်း မဟုတ်ခဲ့ပါဘူး..။ သူများတွေ လို့ ဖွဲ့ မပြတတ်ပေမယ့် ရင်လှိုင်း ကြိုးစားပြီး လျှောက်နေခဲ့ပါတယ်..။ သူငယ်ချင်း တစ်ယောက်ပြောသလို ကိုယ်ဖျော်တဲ့ ကော်ဖီ ကိုယ့်ကိုယ် ကို တော့ အနေတော် ပဲမို့ လေ..။ အိတ်ပဲ ဆက်မှောက်တော့မယ်နော်..။
 
  ရင်လှိုင်း အိတ်က အများကြီး မပါဘူး..။ ရုံးမှာ တော့ ရင်လှိုင်း အိတ်က ကလေးဆန်နေမလား ပဲ…..။ ဘယ်သူမှ မဆန်ဆန်၊ ကိုယ့်ဘာသာ ဆန်ပစ်မယ်လေ..။ မိုက်တယ်နော်…။

   ဒီဘက်က အိတ်လေးက အိတ်ကြီး ထဲမှာ တော့ မပါမဖြစ် တဲ့ စာရင်းထဲ ပါမယ်ထင်တာပဲလေ..။ မနက်ဆို သူလေးက ဖြေရှင်း ပေးတတ်တယ်…။ တစ်ခါတစ်လေ ထမင်း ဆီဆမ်း နဲ့ ပဲပြုတ် ကို သူလေးက ဖြေရှင်း ပေးတယ်..။ နေ့ လည်တော့ လက်ညိုးထိုး က ထမင်း တစ်ထုပ် နဲ့ ငါးခြောက်ချက် ပေါ့..။ (ရင်လှိုင်း တို့ ရုံးက နာမည်ပေးထားတာတော့ လက်ညိုးထိုးတဲ့၊ လက်ညိုး ထိုးလိုက်ရင် သူက ထည့်ပြီး သားပဲ။)

   အဝါရောင်ဖုန်းလေးကတော့ အသက်ပေါ့နော်..။ မပါမဖြစ်ပါပဲ…။ ရင်လှိုင်း က ခု မှ သုံးတာ ဆိုတော့ သိပ်ပြီး သုံးတတ်ဘူး လေ..။ အဝါရောင်လေးက အကြိုက်ဆုံး အရောင်တော့ ဟုတ်ဘူးပဲ..။ ဒါပေမယ့် သူ့ လေးကို လည်း အရေးတကြီး ကို သယ်သယ် သွားရတယ်..။ ခွဲ ထားခဲ့ လို့ မဖြစ်ချင်ဘူးရယ် :p  ။

    နောက်တစ်ခု က လည်း ဘာမှ ဟုတ်ပဲ ထည့်ထည့် ထားတာလေ..။ သူများတွေ မြင်ရင် အထင်လေး များ ကြီး မလားပဲလို့ လေ…။ ဆရာမကြီး ခင်စောတင့် ရဲ့ စာအုပ်လေး ….။ အားလုံး အထင်ကြီး ချင် ကြီးလို့   ရပါပြီ။

   ရင်လှိုင်းက ခေါင်း သိပ်မကောင်းဘူး..။ တစ်ခုခု ဆို  Note page လေးနဲ့မှတ် ထားမှ လုပ်လို့ ရတယ်..။ ခဏ လေး နဲ့ မေ့မေ့ သွားတတ်တာလေ..။ ဒါကြောင့် သူလည်း မပါမဖြစ်ပေါ့…နော်..။

    လက်အိတ်လေးနော် လှလား  ။သူကတော့ မဖြူတဲ့ အသား မည်း မှာ စိုးပြီး ထည့်ထည့် ထားတတ်တယ်..။ အညာက ပူတယ်လေ…နော။ ဆိုင်ပါတယ်နော်..။

    Camera လေးကတော့ဖုန်းမသုံးခင် ကတည်းက ကျောပိုးအိတ်ထဲ မှာ ထည့်ထည့် သွားတတ်တာလေ..။ တွေ့ သမျှ လေးတွေ မှတ်တမ်းတင်တတ်တယ်..။ ပြောပြရရင်တော့ အရှည်ကြီးရယ်..။ ဘလော့ မှာ စာတွေ ရေးမယ်ဆိုတော့ တွေ့ သမျှ လိုက်ရိုက်တော့တာ..။

   Diary ရေး ခိုင်းတတ်တဲ့ ရင်လှိုင်း ရဲ့ တီချယ်ပေးထားတာလေ..။ အစောပိုင်းက ဒီလောက် ကြီးတဲ့ ဒိုင်ယာယီ ရင်လှိုင်းမှာ မရှိဘူးရယ်..။ ဒီစာအုပ်လေး မှာ ကဗျာ တို လေးတွေ နဲ့ မှတ်မိ မှတ်ရာ ကွိစိ ကွစ လေး တွေ ရှိတယ်လေ..။ သူများတွေလို ပြောရရင်တော့ ဘာတွေလည်း မေးနဲ့ နော်..။ ပြောဘူးလို့  :p  ။

   အဖြူရောင်ဆေးကဒ် လေးကတော့ ရင်လှိုင်း ခေါင်းကိုက်တတ်လို့ ဆောင်ထားတာလေ..။
ခေါင်းကိုက်လို့ တော့ ရင်လှိုင်း က ပါရာ ပဲ သောက်လိုက်တယ်..။ ပိုင်တယ်နော်..။
ရင်လှိုင်း အိတ်လေး ထဲ ဒါပဲ ကုန်ပြီလေ..။
         
     ရင်လှိုင်း က ပေါ့တိပေါ့ဆ နေလေ့ လုပ်လေ့ရှိတော့ အိတ်ထဲမှာ စုံတကာ မစေ့နိုင်ဘူးလေ…။
 ဒါပေမယ့် အိတ်လေးက အရမ်းကို ပေါ့တာ ..။ လွယ်ရ၊ သယ်ရတာလေ :p  ။

10 comments:

ရင်လှိုင်းခတ်သံ said...

ရင်လှိုင်း မှောက် ထားတဲ့ အိတ်လေးကို camera လေးနဲ့ ရိုက်ထားတော့ camera ကပုံလေးမှာ ကျန်နေခဲ့ တယ်။ ;)

ဟန်ကြည် said...

အိတ်တွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ် အထူးသဖြင့် ဘလော့ဂါတွေရဲ့ အိတ်တွေ...ဘာကြောင့်လဲဆိုတော့ အိတ်တွေဆိုတာ စိတ်ရဲ့ပြတင်းပေါက်တွေ ဖြစ်နေတာကိုး...

နွေတေးရှင် (မင်းဧရာ) said...

သူ့ဟာနဲ့ သူတော့ ဟုတ်နေကြတာပဲဗျို့.....
ကျနော်တော့ မှောက်စရာ အိတ်မရှိဘူး
ရှိတဲ့ ဖာကို မှောက်မလား စဉ်းစားနေတာ :p ။

စံပယ်ချို said...

အောင်မလေး----အပေါ်ကတယောက်က ဖာကိုမှောက်မယ်တဲ့လေ...
သူလဲအားကျမခံပေါ့--ဟုတ်စ
သွင်မှောက်တဲ့အိပ်လေးကိုပဲကြည့်ပြီးကျေနပ်လိုက်ပါသားရယ် အုံဂျူ မားမားကိုမျက်နှာပျက်တေဲ့အရာတွေမလုပ်ပါနဲ့နော်...
သွင်ရေ....ရေးပေးလို့ကျေးဇူးပါ ပီတိလဲဖြစ်တယ်.....
ချစ်စရာကောင်းတဲ့ အိပ်လေးလေးကြည့်ပြီးပြီဆိုတော့ ပြန်ပြီနော်...

လရိပ်အိမ် said...

အိတ်မှောက်တာလေးလာကြည့်သွားတယ်။
မှတ်စုစာအုပ်က တော်တော်ကြီးတယ်နော် ( အမဲရောင်နဲ့ မဟုတ်လား )
အဲဒီတအုပ်နဲ့တင် တော်တော်လေးမယ်နော်။

ရင်လှိုင်းခတ်သံ said...

ဆရာ ဦးဟန်ကြည် ရင်လှိုင်း စိတ်ကို မြင်သွားတယ်ပေါ့။
ကိုနွေတေးရှင် ကိုတော့ ပြောတတ်ဘူးလေ။
မဂျက် က သွင့်ကို ချစ်တယ်နော်။ ကျေးကျေးပါ။
မမရိပ် Diary လေးလေ အနက်ရောင် စာအုပ်ကြီးက။ အဟဲ ပေါ့ပါတယ်။ ကျေးဇူးတင်ပါတယ်နော် အားပေးတဲ့ အတွက်ပါ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အိတ်ကလေးထဲကို စိတ်ဝင်စားစွာ (စပ်စုစွာ) ကြည့်သွားခဲ့ပါတယ်။ :D

ရင်လှိုင်းခတ်သံ said...

မမ မြတ်

ရင်လှိုင်း အိတ်ကို စိတ်ဝင်စားစွာ လာပြီး ကြည့်လို့ ကျေးကျေးပါ...။ ဘာတွေ တွေ့ သွားပါလိမ့်နော်...။

ထရီဆာ (Teresa) said...

အိတ်လေးကို စပ်စပ်စုစုနဲ့ကို ကြည့်သွားပါတယ်၊ ဟို ဗောင်းဗောင်းလေးကိုတော့ တော်တော်သဘောကျတယ်၊ အထဲမှာ ဘယ်လောက်ပါလဲဆိုတာ ပိုသဘောကျလေရဲ့ :P

ရင်လှိုင်းခတ်သံ said...

မမထရီဆာ အိတ်ဖောင်းဖောင်းလေး ဖြစ်နေတာပေါ့၊ လစာထုတ်ပြီးစ ချိန်လေး လေ...။ အဟဲ..ကြွားဖို့ ကြုံတုန်းလေးလေ..။

Post a Comment

Popular Posts 2

Popular Posts 3