ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



ရင်ခုန်သံ ချိုတွေနဲ့ 
ငါ့ရင်ကို ငိုစေတဲ့ည
ခဏလေး ဖြစ်ဖြစ် ပြန်ရချင်တယ်.....
စည်းချက်ညီ လှုပ်ရှား
သွေးသားတွေထိ စီးဆင်း
မင်းပေးတဲ့ ကြင်နာခြင်း
ရင်ခွင် ကို လှုပ်နှိုး
အရိုးသားဆုံး ရုန်းထွက်
နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး ထောင့်နေရာက
ဖြူစင်တဲ့ ချစ်ခြင်း
အပြစ်ကင်းစွာ ပွင့်ခဲ့တဲ့ ညပေါ့...။

ကာရံ မညီခဲ့ဘူး
နရီ မပါခဲ့ဘူး
ရေမြေတွေ ခြားနေပေမယ့်
ရင်ဘတ်ချင်းဆက်ထား
နှလုံးသားချင်း နားလည်
ထပ်တူညီ အချိုးကျ
ဘဝလက်တွဲဖော် အတွက်
ဝေါဟာရတွေ မကြွယ်ခဲ့ဘူး
"ချစ်တယ်" ဆိုတဲ့ တစ်ခွန်း
အရူးတစ်ယောက်လို တစ်တွတ်တွတ်ဆို
အဲဒီညကို ပြန်လိုချင်တယ်.....။ 


 ကျမက အာရုံမှာ ပွင့်သည့်ပန်းဆိုရင်
မောင်က  ကျမကို နမ်းသော လေပြေ 
ဘယ်လိုအခြေအနေ ဖြစ်ဖြစ် ထာဝရ ထုဆစ်ကြမယ်။
       ''16-06-2013 ''

3 comments:

စံပယ်ချို said...

ရင်ဘတ်ချင်းဆက်ထား

နှလုံးသားချင်း နားလည်--------

အမြဲပဲ ရင်ဘတ်ချင်းဆက်ထားနိုင်ပါစေလို့-------နှလုံးသားချင်းလဲထာဝရနားလည်နိုင်ပါစေလို့နော်-----
သွင်ချမ်းမြေ့ပါစေလို့ အမဆုတောင်းပေးပါတယ်

Yoemyaykya said...

အို ထာဝရ ထုဆစ်နိုင်ပါစေ
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း လှိုင်လှိုင်ပွင့်ခဲ့တဲ့ အဲဒီညလေးမျိုး အဖန်ဖန်ပြန်ရပါစေ

Anonymous said...

အချစ်ည..........
ခပ်ဖွဖွပုတ်နှိုး
တိုးတိုးလေး ဆိုပြ
စီးမျောသွားကြတယ် ။
မျက်ရည်တွေ သွယ်သောမြစ်
အချစ် ဖြစ်ခဲ့သလား
သူကတော့
ကျနော့်နှလုံးသားကို တိုက်စားသွားခဲ့တယ် ။



မောင်

Post a Comment

Popular Posts 2

Popular Posts 3