ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ


ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။
ဘဝဆိုတာ တိုက်ပွဲ လို့ 
အားလုံး နီးပါး အော်နေချိန်မှာ
အမေ့ ရဲ့ လက်တွေနဲ့ 
သေသေ သပ်သပ် အုပ်ကာမိုးပေးထားတော့
ပီပီ ပြင်ပြင်
မမြင်သာ ခဲ့ဘူးပေါ့ နော်..။

ကန်သင်း တစ်ခု ကို
ထု ကောင်းကောင်း နဲ့ ဖို့ ဆည်တော့..
စီးလာသမျှ ရေတွေ
စိမ့် ထွက် ဖို့ အား နဲ သွားခဲ့ တယ်..
ဒီတော့
ဘယ်မှာ ရေလို အုံးမှာ လဲ ..။

အမေ ပြင်ပေးတဲ့ ထမင်းပွဲ မှာ
စာဖွဲ့ လောက်တဲ့ ဟင်းတွေ ထက်
မေတ္တာ တွေ ရောကြိုတဲ့ 
ဟင်းချိုတစ်ခွက် နဲ့ တင် ထမင်း မြိန်စေခဲ့ တယ်..
အမေ ပြောနေကြ စကားလေး က
"အိမ်ထောင်ဖြို စားဖိုက" တဲ့ ..။

အမေ့ ခါးမှာ ဆင်တဲ့ ထဘီ (ထမိန်)
အရောင်က ခပ်မှိန်မှိန် ရယ်
ဒါပေမယ့်
အမေ ပြောတာက..
"ကိုယ်က လူငယ် သပ်သပ် ရပ်ရပ် ဝတ်စား ရမယ်" တဲ့..။

အမေ ပြောတတ်တာလေး တစ်ခု ရှိတယ်..
"အားလုံးထက် မသာ ရင်တောင်
အားလုံး နဲ့ တန်းတူ လိုက်စေချင်တယ်" တဲ့ ..
ဘယ်တော့ မှ အော် မပြောဘူး
ဘယ်လို မှ ငို မပြဘူး
ရိုးရိုးလေး ပဲ ပြောပြတတ်တာလေ..။

သံယောဇဉ် ကြီးလွန်းသူ
တစ်ခါတစ်ခါ တော့
ပျက်ဖို့ ဖြစ်လာတာ ကို ပြောပြ
ဒေါသ ကင်းဖို့ လမ်းညွန်
စခန်းတစ်ခု မှာ အတူဆုံ
ကြုံလာ တဲ့ ဒီခရီးလေး ကို
ဖြေးဖြေး လေး လျှောက် ချင်သူပေါ့....။

1 comments:

Anonymous said...

ထာဝစဉ်ဝေသော ပန်း
ဘယ်တော့မှ မခန်းသော စမ်းရေ ရှင်
သူတို့ ရင်ခွင်တွေက သိပ်အေးမြလှတယ် ။


မင်းဧရာ

Post a Comment

Popular Posts 2

Popular Posts 3