လူတိုင်း
စာအုပ်စာပေ တွေ နဲ့ ရင်းနှီး ကျွမ်းဝင်ချင်မှ ကျွမ်းဝင်ပါလိမ့်မယ်…။ ဒါပေမယ့် နှလုံးသား ရှိတဲ့ သူတိုင်းတော့ အနုပညာ
ခံစားချက်ကတော့ ရှိကြတဲ့ သူတွေ ချည်းပါပဲ..။
လူတစ်ယောက်ဟာ
စာရေးဆရာ ဟုတ်ချင်မှ ဟုတ်မယ်..။ ကဗျာတွေ ဖွဲ့ တတ်ချင်မှ ဖွဲ့ တတ်မယ်..။ ဒါပေမယ့် ခံစား
တတ်ပါတယ်..။
ပြောချင်တာက
လူတိုင်းဟာ ခံစားတတ်ကြပါတယ်..။ ခံစားတတ်ကြတဲ့ သူတိုင်းတော့ စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်မှာ
မဟုတ်ပါဘူး..။ ဒီတော့ စာတွေ မသီတတ်ရင်၊ ကဗျာတွေ မဖွဲ့ တတ်ရင် ခံစားချက် မဲ့ နေတယ်လို
့တော့ ပြောလို့ ရမှာ မဟုတ်ပါဘူး..။
ရင်လှိုင်း
လည်း လူတွေထဲက လူတစ်ယောက်မို့ ခံစားတတ်ပါတယ်..။ ဒါဆို စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်တယ်ပေါ့..။
ဒီလို များမေးလာရင်တော့ ဟင့် အင်း ပါ..။ စာတွေ ကို လှအောင် မသီတတ်ပါဘူး..။ ကဗျာတွေ
ကို လှအောင် မဖွဲ့ တတ်ပါဘူး..။ ဒါပေမယ့် ရင်လှိုင်း ခံစားတတ်ပါတယ်..။
ရင်လှိုင်း
ခံစားရတာလေးတွေကို စာတွေ သီချင်တယ်..။ ကဗျာတွေ ဖွဲ့ ချင်လာတယ်..။ ဒီတော့ စာတွေ ဖတ်ပါတယ်..။
စာရေးဆရာမ တစ်ယောက်ပြောတာ ကြာဖူးပါတယ်..။ (ဆရာမ နာမည် မမှတ်မိ တာကို ခွင့်လွှတ်စေချင်တယ်..။)
“စာရေးချင်ရင် စာဖတ်ရမယ်” တဲ့..။ ရင်လှိုင်း စာရေးချင်လို့ စာ ဖတ်တာထက် စာကို မြတ်နိုးလို
့ဖတ်တာပါ..။ ကိုဆူးသစ် (ကိုသားလတ်) ပြောသလို ပဲ “ဘာကြောင့် စာဖတ်သလဲ” ၊ ကိုယ့်ကို ကိုယ်
ထိန်းမတ်နိုင် ဖို့ စာတွေ ဖတ်ရပါတယ်..။ စာဖတ်ရင်း မှ အသိတွေ တိုးလာမယ်..။ အတွေးတွေ
သစ် လာမယ်လေ..။
ဒီနေ
့ရင်လှိုင်း စာဖတ်ပါတယ်..။ စာဖတ်တဲ့ နေ့ ရင်လှိုင်းမှာ ပြောစရာတွေ ရှိနေပါတယ်..။ ရင်လှိုင်း
စာမဖတ်တဲ့ နေ့ ဆို ပြောစရာ စကား မရှိသလို ပါပဲ..။ ရင်လှိုင်း စာရေးချင်တယ်..။ ဇာတ်ကား
တစ်ကား ကြည့်ရင် ဝတ္ထုကို အရင်ကြည့်တတ်ပါတယ်..။ ဘယ်သူ ရေးတာလဲ..။ ဒီလို လေး တွေ ရူးပါတယ်..။
စာတွေ ရေးပြီး စာအုပ်တိုက်တွေ ဆီ ပို့ ပါတယ်..။ တစ်ခါ မှ အရွေးမခံ ရပါဘူး..။ ကဗျာတွေ
ပို့ ဖြစ်ပါတယ်..။ ဟင့် အင်း ..ပါ..။ ဒီလို နဲ့ ပဲ “သက်တံ ဆယ်စင်း” ရင်လှိုင်း ရဲ့ လက်ထဲ
ရောက်လာပါတယ်..။ အဲဒီမှာ ရင်လှိုင်း စာရေးချင်တဲ့ ပိုးက ပြန်ပြီး သောင်းကျန်း လာပါတယ်..။
ရင်လှိုင်း
ဘလော့မှာ ရင်လှိုင်း ခံစားရတာတွေ၊ ရင်လှိုင်း မြင်သလောက် ပြောလို့ ရတာပဲ..။ ရင်လှိုင်း
ဆုံးဖြတ်လိုက်တယ်..။ ဘလော့မှာ စာရေးမယ်ပေါ..။ အဲမှာ ပဲ ရင်လှိုင်းတွေးတယ်..။ ရင်လှိုင်း
စာဖတ်သူ ကို ဘယ်လောက်ထိ ပေးနိုင်မှာလဲ..။ ဘာတွေ ပြောနိုင်မှာလဲ..။ တစ်ခု ပဲ ရင်လှိုင်း
အများကြီးတော့ မပေးနိုင်ပါဘူး..။ ဘာဖြစ်လို့ လဲ ဆိုရင် ရင်လှိုင်း က ခံစား တတ်ရုံပဲလေ..။
စာတွေ မသီ တတ်ဘူး..။ ကဗျာတွေ မဖွဲ့ တတ်ဘူး..။ ရင်လှိုင်း ခံစားရသလောက်ကို ရင်လှိုင်း
ရဲ့ လက် က ချပြ နိုင်ပါ့မလား..။ ရင်လှိုင်းမြင်တာကို အားလုံး မြင်အောင် ပြောဖို့ ဆိုတာ
လွယ်တဲ့ ပညာ မှ မဟုတ်တာကို..။
ရင်လှိုင်း
ဘလော့မှာ စာရေးဖို့ ပထမ ဆုံးသော ခြေလှမ်းက အင်တာနက် အကောင့်တစ်ခု ရဖို့ လုပ်ရတာပါ..။
ရင်လှိုင်း အင်တာနက် ဆိုင်သွားပါတယ်..။ ဆိုင်က အစ်ကို တစ်ယောက်ကို အကောင့်တစ်ခု ဖွင့်ခိုင်းပါတယ်..။
သူကလည်း ချက်ချင်း ဖွင့် ပေးပါတယ်..။ အကောင့်ရဲ့ ပတ်စ်ဝက်ကို ပြောင်းလို့ ရတယ် လို
့ပြောပြီး ဖွင့်ပေးလိုက်တာပါ..။ ဒါပေမယ့် ရင်လှိုင်း မပြောင်းခဲ့ပါဘူး..။ ဒါ ရင်လှိုင်း
ရဲ့ ပထမ ဆုံးသော ခြေလှမ်းလေး ပါ..။
ရင်လှိုင်း
ရဲ့ ဒုတိယ ခြေလှမ်း က ဘလော့အိမ်တွေ လိုက်လည်ရင်း စာတွေ ဖတ်တာပါ..။ စာတွေ ဖတ်ရင်း ခြေရာလေး
တွေ ချန်..။ ကော်မန့် လေး တွေ ရေး နဲ့ ..ပေါ့..။ ပြီးမှ ရလာတဲ့ လိပ်စာ တွေ ကို
invite လုပ်ပါတယ်..။ အားလုံး နီးပါးကို လိုက်ပြီး အကူအညီ တောင်းပါတယ်..။ အဲမှာပဲ “လွင်ပြင်လှိုင်းငယ်”
ဆီကို ရောက်ပါတယ်..။ ရင်လှိုင်း သူ့ ကို invite လုပ်လိုက်ပါတယ်..။ ဒါပေမယ့် ရင်လှိုင်း
သူ့ ကို စကားမပြောရဲဘူး..။ ကိုယ်က invite လုပ်ပြီး စကား မပြောလို့ က ဘယ်လိုလုပ်ကောင်း
မလဲ..။ ဒါ နဲ့ ပဲ ..တစ်ရက် ကိုလွင်ပြင်ကြီး ကို နှုတ်ဆက်လိုက်ပါတယ်..။ ကိုလွင်ပြင်ကြီး
ကလည်း နွေးနွေး ထွေးထွေး ပဲ ခင်ပေး ၊ လက်ခံပေးပါတယ်..။ ဒီလို နဲ့ သူငယ်ချင်းတွေ ဖြစ်ရာက
ဘလော့ အကြောင်းတွေ ပြောပြ၊ အွန်လိုင်းရဲ့ ဆိုးပစ် ကောင်းကျိုးလေး တွေကို စိတ်ရှည်ရှည်
နဲ့ ကို ရှင်းပြပါတယ်..။
ဘလော့လောက
အားလုံး သိကြတဲ့ အတိုင်းပါပဲ ..။ ကိုလွင်ပြင်ကြီး ရဲ့ စိတ်ထားကို လေ..။ ရင်လှိုင်း စာရေးချင်တာလေး
ပြောလိုက်တာ သူကူညီပေးမယ် ဆိုပြီး အားလုံး သူ ကိုယ်တိုင်လုပ်ပေးတာပါ..။ ရင်လှိုင်း အွန်လိုင်းအကြောင်း
ဘာတွေ သိလဲ မေးရင် Gtalk မှာ မီး နီတာ၊ မီးဝါတာကို တောင် မသိပါဘူး..။ သူငယ်ချင်းက ပြောပြမှ
မီနီတာ busy ဖြစ်နေတာ..။ မီးဝါတာက စက်နားမှာ လူမရှိတာ….။ ဒါမျိုးလေးတွေ သိလာတာပါ…။
ဒီလို
နဲ့ ရင်လှိုင်း မထရီဆာ ရဲ့ အိမ်လေး ကို ရောက်ပါတယ်..။ ဘာတွေ့ ခဲ့ လဲ ဆိုရင် အရမ်း တန်ဖိုးကြီး
တဲ့ စကားလေး ကို သိလာပါတယ်…။ ၁၀ ကို ၁ နဲ့ မြှောက်ရင် ၁၀ ပဲ..၊ ၀.၁ ပေါင်းပြီး ၁.၁
နဲ့ မြှောက်ရင်တော့ ၁၁ ဖြစ်လာမယ်တဲ့..။ ရင်လှိုင်း ၀.၁ ပဲ ကြိုးစားဖို့ လိုတာပေါ့..။
ရင်လှိုင်း
စာရေးဖို့ ကို တစ်ကယ့်ကို ၀.၁ ပဲ ကြိုးစားလိုက်ရတာပါ..။ အားလုံးကို ကိုလွင်ပြင်ကြီး
က ကူညီပြီး လုပ်ပေးပါတယ်..။ လိုအပ်တဲ့ နည်းလမ်း တွေ ကို လည်း ပြောပြ၊ သင်ပေးပါတယ်..။
ရင်လှိုင်း တွေးမိတာလေး ရှိတယ်..။ စာရေးချင်လို့ ကြိုးစားတာလေး ပါ..။ စာတွေ ဖတ်ပြီး
သိလာတဲ့ ဘလော့လိပ်စာတွေ ကနေ မိတ်ဆွေကောင်းတွေ ရလာတာပါ..။ ပြောရရင်တော့ အရင်ထက် တော့
ရင်လှိုင်း စကားပြောလာ နိုင်ပါတယ်..။
ရင်လှိုင်း
စာတွေ ဖတ်လို့ သာ ဘလော့ပေါ် ခြေချ လာနိုင်တာပါ..။ စာဖတ်ခြင်း ရဲ့ ကျေးဇူး လို့ ပြောရမှာပါ…။
ဘလော့ မောင်နှမ အားလုံးလည်း စာပေကို မြတ် နိုးကြသူတွေ ချည်း ပဲလေ..။ ဒါကတော့ အထူးပြောဖို
့မလိုဘူး ထင်ပါတယ်..။ ရင်လှိုင်း ဖြစ်ရပ်လေး ကို နားထောင်ပေး တဲ့ အခါ လိုတာတွေ ကို ဖြည့်ပြီး
သာ မြင်ပေးပါနော်..။
ရင်လှိုင်း
ခံစားရသလောက် စာတွေ သီ၊ ကဗျာတွေ ဖွဲ့ ပါမယ်..။ အားလုံးသော စာဖတ်သူတို့ ကို ရင်လှိုင်း
မြင်သလောက် လေး ပြောပြမှာ ဖြစ်တဲ့ အတွက် လိုအပ်တာလေး တွေ ကို ဖြည့်တွေးပြီးသာ မြင်ပေးကြပါနော်..။
တစ်ခု တော့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်
ရင်လှိုင်း စာပေတွေကို လေးစားမြတ်နိုးစွာ ခံစားတတ်ပါတယ်..။
ရင်လှိုင်း စာပေတွေကို လေးစားမြတ်နိုးစွာ ခံစားတတ်ပါတယ်..။
ရင်လှိုင်းခတ်သံ
2 comments:
စာပေအနုပညာတွေကို မျှဝေ ခံစားရင်း
ခရီးနှင်းကြတာပေါ့ ဗျာ ။
ဘယ်သူမှ ရေးတတ်လို့ ရေးနေကြတာ မဟုတ်ပါဘူး
ခါးတူးတူး ခံစားချက်တွေအတွက် ရင်ဖွင့် ရင်း တွဲဆက်နေကြတာ
ဒီစာမျက်နှာလေးတွေပေါ့ဗျာ ။
မင်းဧရာ
Carry on. One day will come.
Post a Comment