ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ


အို...အရှင်
ညှာတာမှု့ကင်းစွာ
ငါ့ရင်ဘတ်ကြီး ထဲက အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ ကို
အရှင် ဆွဲထုတ်သွားခဲ့ တယ်နော်...။

အို ..အရှင်
စာနာမှု့ကင်းစွာ
ငါ့ရင်ဘတ်ကြီး ထဲက လွမ်းခြင်းတွေ ကို
အရှင် သိမ်းပိုက် သွားခဲ့တယ်နော်...။

အို..အရှင်
ညှာတာ လှည့်ပါ
စာနာ လှည့်ပါ
အပြစ်ကင်းတဲ့ 
ငါ့ရင်ထဲက ချစ်ခြင်း၊ လွမ်းခြင်း တွေကို
လွတ်လပ်စွာ ပျံသန်းခွင့် ပြုလိုက်ပါ နော်...။

3 comments:

Anonymous said...

ချစ်ခြင်းပီသ
မြူ မျှမညစ်
မတွက်စစ်ချင်
ခင့် ရင်ဘယ်လို
မောင် ဆိုပါသော ထိုသစ္စာ ။

ခင့်ရဲ့
မောင်

Anonymous said...

ရင် မှ ချစ်ခြင်း
ချစ်သူ့ ဆီ အလင်း ရောက်တယ်ဆို..
ခင် ငို ရလည်း
ကျေ နပ်ပါတယ်..ကွယ်..။

မိုးနတ်ကြယ်စင် said...

အပြစ်ကင်းတဲ့ 
ငါ့ရင်ထဲက ချစ်ခြင်း၊ လွမ်းခြင်း တွေကို
လွတ်လပ်စွာ ပျံသန်းခွင့် ပြုလိုက်ပါ နော်...:)

အို ပြုပါတယ် ပြုပါတယ် နှမငယ်ရယ် :)

Post a Comment

Popular Posts 2

Popular Posts 3