ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ

ဘ၀ရဲ့လမ်း
သရမ်းလွန်းတဲ့ ကံ
ဒီလေကို ဆန်ဝံ့သလား
မုတ်သုန်ကြားကတိုးထွက်
တစ်ခါတခါ လင်းလက်ချင်မှ လင်းလက်မယ်။

ဘ၀ရဲ့လမ်း
ပြိုလုလုကမ်းပါအိုးမှာ
တို့ ဆိုရမယ့်တေးသွား
ခါးချင်းလည်း ခါးမယ်
လရောင်ကွယ်တဲ့ ညခင်း
ကြယ်ခင်းနဲ့ ခရီးဆက်
ချစ်သူရဲ့ အပြုံးတစ်ချက် နဲ့
ဟိုး...အဆုံးထိ လင်းလက်မယ်။

ဘ၀ရဲ့လမ်း
တိမ်ညိုသန်းလို့ ညချမ်းငို
စမ်းရေချိုတွေ ခန်းခြောက်
လှမ်းလျှောက်ရဲမှ လက်ကမ်း
ဒီ ခရီးက သိပ်ကြမ်းမယ် ။

2 comments:

မင်း said...

ဒါပေါ့
ဒီခရီးကြမ်းချင်ကြမ်း ရမ်းချင်ရမ်း
ကိုယ့်ချစ်သူရဲ့ အနွေးထွေးဆုံး
အနမ်းနဲ့ ဆို အဲဒီ ကမ်းပါးအိုမှာ
ပန်းချိုချိုတွေ ပွင့်ဦးမယ် ။

ညအက္ခရာ said...


ဘ၀ရဲ့လမ်း
သရမ်းလွန်းတဲ့ ကံ
ဒီလေကို ဆန်ဝံ့သလား
မုတ်သုန်ကြားကတိုးထွက်
တစ်ခါတခါ လင်းလက်ချင်မှ လင်းလက်မယ်။

Post a Comment

Popular Posts 2

Popular Posts 3