ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ

အမည် နဲ့ နေရပ်
မင်း ထည့်စဉ်းစားဖို့ မလိုဘူး...
အလုပ်အကိုင် မဆိုင်ပါဘူးလို့ ပြောလို့ ရတယ်..
အသက်အရွယ်
အဲဒါလည်း မပါလို့  ဖြစ်တယ်
ဟင်..အဲဒါ ဘာလဲ
မင်းသိချင်မှာပဲနော်...။

ဟုတ်တယ်..
မင်းမှာ
မြတ်နိုးတတ်တဲ့ စိတ်
ကြင်နာတတ်တဲ့ လက်
အကောင်းမြင်တတ်တဲ့ မျက်ဝန်းတစ်စုံ
မှန်ကန်တဲ့ အတွေးအခေါ်
ရဲရင့်တဲ့ ဆုံးဖြတ်ချက်
ထက်မြတ်တဲ့ အယူအဆ
သူ့ ဘက်ကိုယ့်ဘက် မျှတစွာ ကြားနာနိုင်တဲ့ နှလုံးသား တစ်စုံ
တစ်ခါတစ်လေ သည်းခံ ခွင့်လွတ်တတ်မှု လေးတွေ ပါ ပေါင်းထည့်
အဲဒါဆို ..
မင်း ရဲ့ "ကိုယ်ပိုင်ကမ္ဘာလေး..." ကို ဖန်တီးနိုင်ပြီပေါ့....။


ရင်လှိုင်းခတ်သံ

2 comments:

နွေတေးရှင် (မင်းဧရာ) said...

ကြုံတုန်း ဆုံခိုက်
မေးလိုက်မိ ငြား
ကျွန်ကား မရည်
ဘယ်ဆီ ဘယ်သို့
လေးတစ်ညှို့ ။

မိုးနတ်ကြယ်စင် said...

Right !!!

Post a Comment

Popular Posts 2

Popular Posts 3